ကျနော် ဗုဒ္ဓ အကြောင်းလေ့လာတော့မယ်လို့တွေးမိတိုင်း ခေါင်းထဲ ပထမဆုံးရောက်လာတဲ့ အတွေးတခု ရှိတယ်ဗျ။
အဲဒါက ဘာလဲဆိုတော့ ဂေါတမ ဟာ လူသားလား
စွမ်းအားရှင်လား ဆိုတာပါပဲ။
ဘာလို့ခုလိုတွေးမိလဲ ဆိုတော့ သာမန်လူသားတေ မလုပ်နိုင်တာကို သူကလုပ်နိုင်နေတာတေ ရှိလို့ပါ။
၁။မယ်တော်မာယာ ဟာ အိမ်ထောင်ကျတာကြာနေပြီဖြစ်ပေမယ့် ကလေးမရလို့ နန်းတွင်းသူ နန်တွင်းသားတေဟာ သူမကို အမြုံမ လို့တောင် ခေါ်ခဲ့ကြဘူးတယ် လို့ ဆိုထားပါတယ်။ ဒါကို ဘုရားအဖြစ်ဖွားမြင်မယ့်သူ(ဂေါတမ)ဟာ မယ်တော်မာယာ ရဲ့ ၀မ်းဟာ အသန့်ရှင်းဆုံး အမွန်မြတ်ဆုံးဖြစ်လို့ မယ်တော်မာယာရဲ့ ၀မ်းကို ရွေးချယ်ခဲ့တယ်တဲ့။။။။။သာမန်လူသားဟာ မွန်မြတ်တဲ့ ၀မ်းပဲဖြစ်ဖြစ် ယုတ်ညံ့တဲ့ဝမ်းပဲ ဖြစ်ဖြစ် ရွေးချယ်ခွင့် မရှိပါဘူး။နောက်တခုက ဘုရားလောင်းသန္ဓေတည်မယ့်သားအိမ်မှာ တစုံတယောက်က ကာမ ပြုဖို့ မသင့်ဘူးလို့လဲ ကြားဖူးပါသေးတယ်။ ယောက်ကျားတယောက်ရဲ့ သုတ် မပါပဲ မွေးထားတယ် လို့ တရားဝင် ကြေညာ ပြီးလက်ခံထားတာက ခရစ်ယာန် ဘာသာဝင်တေပါ။ သခင်ယေရှု ကိုအဲတိုင်း လက်ခံ ထားကြတာပါ။
ဒီတော့ အဖေမရှိပဲ မွေးထားတာ က ဂေါတမ မဟုတ်ဘူးဆိုရင်
ဘုရားလောင်းသန္ဓေတည်မယ့်သားအိမ်မှာ ကာမပြုလဲ သင့်တော်တဲ့ သဘောတရား ရှိတာပေါ့။ မိခင်ရဲ့ ၀မ်းနဲ့ အတူ ဖခင်ရဲ့ သုတ်က လဲ မွန်မြတ်တယ်ဆိုတဲ့ အဓိပ္ပါယ်။(ဖခင်ဟာ ကာမ အမှုမှာ မတင်းတိမ်နိုင်လို့ ဒါမှမဟုတ်လဲ တခြားဘာအကြောင့် ပဲ ဖြစ်ဖြစ် ဘုရားလောင်းကို မွေခွင့်ရပြီးတဲ့ နောက်ပိုင်း ဂေါတမီ နဲ့ လက်ထပ် ထိမ်းမြား ကာမပြု သားမွေး ခဲ့)ဘာပဲ ဖြစ်ဖြစ် ဂေါတမဟာ သာမန်လူသားမလုပ်နိုင်တာကို လုပ်ခဲတယ်။ မယ်တော်မာယာ ကို မိခင်အဖြစ်ရွေးချယ် ပြီးတော့ရည်ရွယ်ချက်ရှိရှိ ဘုရားလုပ်ဖို့ လောက ထဲဝင်လာခဲ့သူ။
၂။နောက်တခု က ဂေါတမ ရဲ့ ဖခင်ဟာ ဘုရားရဲ့ အဖေ ဖြစ်ချင်လို့ ဆုပန်ခဲတာ တဲ့။ ဘုရားရဲ့ အဖေ ဖြစ်သွားတယ်လေ။
သဘောကတော့ ဆုတောင်းပြည့်တဲ့  သဘော။
ဂေါတမ က ဖြည့်ဆည်းပေးတာလား ဘယ်သူက ဖြည့်ဆည်းပေးတာလဲ။ ဘာကြောင့် ဖြည့်ဆည်းပေးတာလဲ။
ဘရားရဲ့ အဖေ ဖြစ်ချင်လို့ ဆုပန်တယ် မွန်မြတ်သန့်စင်တဲ့ ကလေးကို မွေးခွင့်ရခဲ့တယ်။ ဒါပေမယ့် မဆင်မခြင် နောက်ထပ် မိန်းမ ထပ်ယူတယ် ကလေးထပ် မွေးတယ်။ ဒါပေမယ့် သူ့ဆုတောင် ပြည့်တယ်။လူ့လောကမှာ ဂုဏ်ရှိဖို့အတွက်အိမ်ရှေ့စံမင်းသားအဖြစ် ဖွားမြင်မှ မြင့်မြတ်မှာ ဖြစ်လို့ ဘုရားရဲ့ အဖေ ဖြစ် ဖို့ ဆုပန်တဲ့ ဘုရင်ရဲ့ ဆုတောင်းကို လက်ခံခဲ့တယ်။ ခုနောက်ပိုင်းမှာတော့ ဘယ်သူတယောက်ရဲ့ ဆုတောင်းကို မှ လက်ခံတယ် လို့ လုံးဝ(လုံးဝ) မရှိတော့။ ဘာပဲဖြစ်ဖြစ် သာမန်လူတေ မလုပ်နိုင်တဲ့ ဆုတောင်းကို လက်ခံ ပြီး ရည်ရွယ်ချက်ရှိရှိ ဘုရားလုပ်ဖို့ လောကထဲ ကို ၀င်လာခဲ့သူ။( ဆုတောင်းဖြည့်ပေးတာက ဂေါတမ မဟုတ်ပဲအခြားစွမ်းအားရှင် တယောက်ယောက် ဖြစ်နေရင်လဲ သာမန်လူသားအတွက် လုပ်မပေးတာကို ဂေါတမ အတွက် လုပ်ပေးတာ ဆိုတော့ သာမန်ထက် ပိုလို့ပေါ့။)
၃။သာမန်လူသားတယောက် က ခုမတိုင်ခင် အရင်ဘ၀ မှာ ဘာဖြစ်ခဲ့ ပါတယ် ဘာလုပ်ခဲ့ ပါတယ် ဆိုတာတေ မှတ်မိဖို့ မဆိုထားနဲ့ဦး ကိုယ့်အသက် ၁နှစ် လောက်က ဘာဖြစ်ခဲ့တယ် ဆိုတာတောင်မှ လုံးဝ မှတ်မိ ဖို့ မတတ်နိုင်ပါဘူး။ဒါကိုဂေါတမ က မှတ်မိပြီ သူ့ယုံကြည်သူတေကို ပြန်ပြောပြဖို့တောင်မှတတ်နိုင်တယ်ဆိုတော့ သာမန်ထပ်ပိုတာပေါ့။တိရိစ္ဆာန်ဘ၀တေပါ ပါလာတော့ သာမန်မဟုတ်တာတော့ လွန်သွားပြီ။
ဂေါတမဘုရား ရယ်လို့ မဖြစ်ခင်အရင်ဘ၀မှာ တော့ ၀က်ဖြစ်ခဲ့ စဉ်ပဲထားပါတော့(လေးအသေင်္ချနဲ့ကမ္ဘာ၁သိန်းဆိုတာ အရမ်းကြာတဲ့ အချိန်ဖြစ်လို့ ဘာမဆို ဖြစ်မှာပါ။ အာ့ကြောင့်ဝက်နဲ့ ဥပမာပြောတာ။ဝက်ဘ၀ မဖြစ်ခဲ့ ဘူးဆိုရင်လဲ အခြား ဘယ်သတ္တဝါနဲ့မဆို နှိုင်းယှဉ်လို့ ရပါတယ်။)
ဆိုတော့ ၀က်ဘ၀မှာ ၀က်ထီးရဲ့ သုတ်နဲ့ ၀က်မ ရဲ့ သားအိမ်ကို အမှိပြုပြီး ၀က်ကလးအဖြစ် မွေးလာတယ်။ တိရိစ္ဆာန်တို့ရဲ့ သဘာဝ အတိုင်း အဖေအတိကျ ရှိမှာ မဟုတ်ဘူး။ သူကိုယ်တိုင်လဲ မေထုန်မှီိဝဲမယ်။ အခြား တိရိစ္ဆာန်တေလုပ်တာ ဘာမဆို လုပ်ခဲ့ မှာပဲ။အဲအတိုင်းပဲသူဟာတစ်ဘ၀ပြီးတစ်ဘ၀ သံသယာ လည်နေရင်းကနေ ၀က်ခွေး နွား ကြက် ငှက် လူ အစရှိတဲ့ သက်ရှိမှန်သမျှ ဖြစ်ခဲ့မှာပဲ ။
အဲဒီတုန်းက ဘုရားဖြစ်လာမယ့်ဂေါတမ ဟာ သာမန်ပဲ ဖြစ်ခဲ့ တုန်းမို့လို့ ၁ဘ၀ ပြီး ၁ဘ၀ သံသယာ လည်နေခဲ့တယ်။ နောက်ဆုံး အိမ်ရှေ့မင်းသား အဖြစ်မွေးလာတယ် ပြီးတော့ ဘုရား ဖြစ်တယ်။
(ဒီကိစ္စမှာ မရှင်းတာက သံသယာ လည်နေပြီးတော့မှ ဂေါတမ ဘုရားဖြစ်တာ တနည်းပြောရရင် သူသန္ဓေတည်မယ့် ၀မ်းကို သူကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့ သာမန်ထက်ပိုတဲ့ စွမ်းအားရှင် ဖြစ်တာပေါ့။ဒီတော့ ကံငါးပါး မလုံလို့ အပြစ်တေ အမှားတေ ရှိနေသေးလို့ ရှင်ဘုရင် ဖြစ်ဖို့ အချိန်စောင့်နေရ လို့ ဘာကြောင့်ပဲဖြစ်ဖြစ် သံသယာ လည်နေတဲ့ တိရိစ္ဆာန် ဖြစ်နေတဲ့အချိန်မှာ ဘယ်တုန်း က မြင့်မြတ်သွားတာမို့လို့မြင့်မြတ်တဲ့ မယ်တော်မာယာ ကို မိခင်အဖြစ်ရွေးချယ်ပြီး လူ့ပြည်ကို လာခဲ့တာလဲ ။ဘယ်ကနေ လာခဲ့တာလဲ။ ဂေါတမ ဘုရားရယ်လို့ မဖြစ်ခင် ကတည်းက မြင့်မြတ်နေပြီးသား ဆိုရင် ဘာကြောင့် အဲတုန်းကတည်းက ဘုရား မဖြစ်တာလဲ။ ဒီကြားကာလ ကဘ သာမန်လိုလို တန်ခိုးရှင်လိုလို နဲ့ အရမ်းရှုပ်ထွေးနေတယ်။
ဒီတော့ အတိုခြုံးပြောရရင်
မြင့်မြတ်တဲ့ မိခင်ရဲ့ ၀မ်းကို ရွေးချယ်တာပဲ ဖြစ်ဖြစ်
မြင့်မြတ်တဲ့ ဖခင်ရဲ့ဆုတောင်းပြည့်ခဲ့လိုပဲဖြစ်ဖြစ်
ဘုရားလုပ်ဖို့ရည်ရွယ်ချက်နဲ့ လူ့ပြည်(ကမ္ဘာ)မှာ လာခဲ့တာတော့ သေချာနေတာပေါ့။ (ဘုရားလောင်း ဖြစ်တယ်။ ယောက်ျားတကာထဲမှာ အမြင့်မြတ်ဆုံး ဖြစ်တော့ သာမန်လူသားတေလို မအင်္ဂါ ကနေပဲ မွေးထားတာလား ဒါမှမဟုတ် တခြားမြင့်မြတ်တယ် လို့ယူဆ လို့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက မွေးထားတာ လား ဆိုတာတော့ မသေချာ)
ဒါတေကတော သာမန်ထက် ပိုတဲ့ အပိုင်းတေပေါ့။
သာမန်လူသားတယောက်လို မြင်ရမယ်ဆိုရင်တော့ ရိုးရှင်းပါတယ်။
မယ်တော်မာယာ ဟာ အိမ်ထောင်ကျစမှာ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်ဝန်မရဘူး။
နောက် နှစ်အပိုင်းခြားတခုမှ ကိုယ်ဝန် ရှိလာတယ်။ သာမန်အတိုင်းပဲဖြစ်လို့ တမူထူးခြားမွန်မြတ်သူလဲမဟုတ်ပါဘူး။
ဖခင်ရဲ့ ဆုတောင်းလဲ လက်ခံခြင်းခံခဲ့ရတာ မဟုတ်ပါဘူး။
အမျိုးပျက်မှာ စိုးလို့ မောင်နှမ ၀မ်းကွဲချင်း တောင် လက်ထပ်ထိမ်းမြားခဲ့ပါတယ် ဆိုတဲ့ ခတ္တိယ မျိုးနွယ် ဟာလဲ သိပ်မြင့်မြတ်နေလို့မဟုတ်ပဲ တခြား ဇီဇာကြောင်တဲ့ အကြောင်းကြောင့် ပဲဖြစ်မှာပါ။
မြတ်စွာဘုရားဟာ ဘယ်ဘ၀ တုန်းက ဘာဖြစ်ခဲ့ပါတယ် ဘာလုပ်ခဲ့ ပါတယ် ဆိုတာတေဟာလဲ ပုံပြင် တေလောက်ထပ် ဘာမှ မပိုတော့ပါဘူး။
သာသနာ ကွယ်သွားပြီးတဲ့နောက်ပိုင်း အရိမေတ္တယျ ဘုရား ဆိုတဲ့ နောက်ရှင်ဘုရင် ရဲ့ အိမ်ရှေ့မင်းသား တပါး ထပ်ပေါ်ထွန်းမယ်ဆိုတာလဲ အတည်မဖြစ်နိုင်ဘူး။
နောက်ဆုံးအနေနဲ့ သူဟာ ရှင်ဘုရင် ဖြစ်ခဲ့စဉ်က အမှားတချို့ကြောင့်စင်္ကြ၀ဠာရဲ့ တနေရာရာ မှာ လူတယောက်အဖြစ်နဲ့ ပဲဖြစ်ဖြစ် တိရိစ္ဆာန်တကောင်အဖြစ်နဲ့ဖြစ်ဖြစ် ခုချိန်ထိ သံသယာ လည်နေနိုင်ပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ယသော်ဓရာ နဲ့ လပ်ထပ်တယ် ကာမပြုတယ် သားမွေးတယ်။ ပြီးတော့ ရုတ်တရက်ပဲ ငါဘုရားပါ ဆိုပြီး မယားနဲ့ သားကို စွန့်ပစ်ခဲ့တယ်။ (ရုတ်တရက် မဟုတ်ပဲ သူ့ရဲ့ ဘ၀ ပေါင်းများစွာမှာ ယသော်ဓရာ ဟာ ပါရမီ ဖြည့်ခဲ့တယ် ဆိုရင် ပိုလို့တောင်မှ အပြစ်ရှိသေးတယ်။ ဘုရားလောင်းကို ပါရမီ ဖြည့်တယ်ဆိုတာ ဘာလုပ်ပေးရတာလဲတော့ ကျနော်မသိပေမယ့်။ဘုရားဖြစ်လာမယ့်သူရဲ့ တဏှာ ရမ္မက် ဆန္ဒကို ဖြည့်စည်းပေးတာတော့ မပါလောက်ဘူး(ကျနော့်အထင်)။
ပါတယ်ဆိုရင်တော့ တမျိုးပေါ့။ ဂေါတမ ဟာ ယသော်ဓရာ ကို သူများမယားအဖြစ်လဲ လှုတယ် ကလေးတေကိုပါ လှူတယ်။မိခင်အနေနဲ့ လုံးဝ မခံစားနိုင်တာမျိုး ကိစ္စပေါ့။
ဒါပေမယ့် ယသော်ဓရာ ဟာ ဒီဒဏ်တေကို အပြုံးမပျက်လက်ခံခဲ့တယ်။ဒါပေမယ့် ဂေါတမဟာ ဘုရား ဖြစ်သွားတဲ့ နောက်ပိုင်း မိန်းမတေဟာ ကာမ အရာ မှာ ဘယ်တော့မှ မတင်းတိမ်ဘူး ဆိုတာတေနဲ့ တခြားလဲ မိန်းမတေနဲ့ ပတ်သက်ပြီး မကောင်းဘူးဆိုတဲ့ တရားတေကို ပါမီဖြည့်ဖက်ယသော်ဓရာ ရဲ့ မျက်နှာကိုမှ မထောက် ဟောခဲ့သေးတယ်။
မိန်းမတေ ဟာ ကာမ အရာမှာ ဘယ်တော့မှ မတင်းတိမ်ဘူးလို့ ဟောခဲ့တာကို သုံးသပ်ကြည့်ရင် ယသော်ဓရာ ဟာ ကာမ အရာ မှာ ဘယ်တုန်းကမှ မတင်းတိမ်ဘူး လို့ ပြောတာနဲ့ တူနေပြန်တယ် ။ဘ၀ အဆက်ဆက် ပါရမီ ဖြည့်ခဲ့တာလဲ သူပဲ ဂေါတမ ဘုရား မဖြစ်ခင် ဂေါတမ ရဲ့ တဏှာ စိတ်ကို ဖြေသိမ့်ခဲ့တာလဲ သူပဲမဟုတ်လား။
သူ့အပြင်ဂေါတမ မှာ လဲ အဖေ နဲ့ အတူ မိန်းမ တယောက်ထပ် ပိုပြီး ရှိခဲ့တယ်လို့တော့ မကြားဘူးပါ။
ဒီ တော့ ခုလိုမျိုးယသော်ဓရာကို သိက္ခာချ မကောင်းပြောဆို ခဲတာနဲ့ပတ်သက်ပြီး ဘယ်သူကမှ မတောင်းဆိုပါပဲ ကလေးမွေးတယ် မွေးတဲ့ ကလေးကိုလဲ ကိုယ့်ဆန္ဒနဲ့ ကိုယ် ငါဘုရာပဲ ဆိုပြီး အတ္တနဲ့ လှူပစ်တယ်။
ဒီကလေးတေ ရဲ့ ခံစားချက်တေနဲ့ပတ်သက်ပြီး သူ့မှာ အပြစ်ရှိတယ်။
ဘုရားရဲ့ ကလေးတေ ဖြစ်လို့ ကျေနပ်ပါတယ် သီးခံ နိုင်ပါတယ်လို့ပြောရင် ဘုရားရဲ့ အဖေ ဖြစ်သူတောင်မှ တဏှာစိတ်ကို သီးမခံနိုင်တာ ဘုရား ရဲ့ ကလေးတေလဲ သီးခံ နိုင်မှာ မဟုတ်ဘူး။ကိုယ် ကိုယ်တိုင်မွေးထားတဲ့ကလေးတေကို ကျတော့ လှူ လိုက်တယ်။ မဆီမဆိုင် ရဟန်းဝတ်တဲ့ သူတေကိုကျတော့ဘုရားသားတော် လို့ဆိုတယ်။ အဲလို လက်လွှတ်စပယ် လုပ်ရပ်အတွက် အပြစ်ရှိပါတယ်။
နောက်တခုက ဘုရားအတွက်တောင်မှ ပါရမီဖြည့်ဖက်လိုတာ
ဘုရား ရဲ့ သားတော်(ရဟန်း)တေအတွက်လဲ ပါရမီဖြည့်ဖက် လိုမပေါ့။
ထားပါတော့ ဘာပဲဖြစ်ဖြစ် ဒါတေဟာ စွမ်းအားရှင် မဟုတ်တဲ့ သာမန်လူသားတေ မှာ ဖြစ်တဲ့ သဘောတရား တေပေါ့။
တကယ်လို့ ဂေါတမ ဟာ သာမန်ထပ်ပိုတဲ့ စွမ်းအားရှင် ဆိုရင်တော့
ယသော်ဓရာ နဲ့ ကလေးတေနဲ့ ပတ်သတ်တဲ့ အပြစ်တေကလွဲရင် ကျန်တဲ့ မဖြစ်နိုင်တာတေ အားလုံးက ဖြစ်နိုင်သွားပြန်ပါတယ်။
ဖခင်ရဲ့ ဆုတောင်းပြည့်ခဲ့တာ ဖြစ်နိုင်တယ်။
မိခင်ဟာ တမူထူးခြားမွန်မြတ်သန့်ရှင်းတဲ့ အမျိုးသမီး ဖြစ်နိုင်တယ်။
ခတ္တိယ မျိုးနွယ်ဟာလဲ မြင့်မြတ်တာ ဖြစ်နိုင်တယ်။
အရင်ဘ၀တေ ကို မှတ်မိတယ် ဆိုတာ ဖြစ်နိုင်တယ်။(ကြားကာလကိုတော့မရှင်းသေး)
နောက်မကြာမီ အရိမေတ္တယျ ဘုရားလဲ ပွင့်နိုင်တယ်။
ဒါပေမယ့်ဂေါတမဟာ အတ္တကြီးတဲ့ စွမ်းအားရှင် ဖြစ်နေပြန်တယ်။
သူကိုယ်တိုင် ဘုရားအဖြစ် ဖွားမြင် နိုင်ဖို့ အတွက်ကျတော့ ကာမ အရာမှာ မတင်းတိမ်နိုင်တဲ့ သူ့ဖခင်ရဲ့ ဆုတောင်းကိုတောင်မှ လက်ခံခဲ့ တယ်။ ခုချိန်မှာတော့ဘယ်သူတယောက်ရဲ့ ဆုတောင်းကိုမှ လက်ခံဖြည့်ဆည်းပေးတယ်လို့ မရှိတော့ ပါဘူး။
ဖခင်အရင်းက အရွယ်မရောက် သေးတဲ့သူ့သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်။
ဘာမှ မသိနားမလယ်သေးတဲ့ ဒီကလေးဟာ ခုလိုစက်စုပ်ရွံရှာဖို့ကောင်းတဲ့ နာကျင်မှုကနေ သိက္ခာနဲ့တကွ လွတ်မြောက်ဖို့ အကြိမ်ကြိမ် ဆုပန်ခဲ့ ဖူးပါလိမ့်မယ်။ နောက်တော့မိခင် က သိ၊ပတ်ဝန်းကျင်က သိ
သိပ်မကြုခင် ဖခင် ၊ရဲ့ ပုံက သတင်းစာထဲပါလာ။ အရှက်တကွဲ အကျိုးနည်းဖြစ် လူညွန့်တုန်း ဘ၀သေ မိတကွဲ ဖတကွဲ ဖြစ်ရတယ်။
ဘုရားရဲ့အဖေ ဖြစ်ပေမယ့် ကာမ အမှုမှာ မတင်းတိမ်နိုင်လို့ မိန်းမတယောက် ထပ်ယူတဲ့ သူထက်စာရင် သူတို့တေရဲ့ ဆုတောင်းတေက ပို ပြည့်သင့်ပါတယ်။
ဂေါတမက အဆင့်တန်းမခွခြားသူ ဆိုရင်ပေါ့။
ဒါပေမယ့် အတ္တကြီးသူကတော့ အတ္တကြီးလျက်ပဲ။
ဆုတောင်းပြည့် ဘုရားတေ အကြွေးကျေ ဘုရားတေ ရှိပေမယ့်
ဘုရားသွားလိုက်တာနဲ့ အကြွေးမကျေသလို ဘယ်သူ့ရဲ့ဆုတောင်းမှ လဲ မပြည့်ပါဘူး။
ဂေါတမ ဘုရားဟာ ဆုတောင်းဘာကြာင့် မဖြည့်ပေးလဲ ဆိုတော့ သူဟာ လူသားတဦးပဲ ဖြစ်လို့ပါတဲ့။????????(ဟုတ်လို့လား)
ဒီတော့ဂေါတမ ဟာ သာမန်လူသားလား စွမ်းအားရှင်လား
ဘာလဲ??