ဗုဒ္ဓကို နာမည်ဖျက်ကြသူများ
-------------------------------------------
၁။ ဗုဒ္ဓက "ဓမ္မ" တစ်မျိုးထဲ ဟောတာကို ပိဋကတ် ၃ပုံဆိုပြီးလုပ်ကြတော့ နောက်ဘုန်းကြီးတွေက ဗုဒ္ဓထက် တော်နေကြတာလား စဉ်းစားစရာပါ။
၂။ အတုမရှိသော ဘုရားလို့ ဟစ်ကြွေးကြပြီး ဘိလပ်မြေ၊သဲ၊ကျောက်ခဲတို့နဲ့အတုလုပ်ပြီး ဗြဟ္မဏ ဘုရားပုံဆန်ဆန် ပြုလုပ်ပြီး ကိုးကွယ်နေကြတာ စဉ်းစားစရာပါ။
၃။ ဘုရားက ရွှေမကိုင်ရလို့ ပြောခဲ့တာကို နောက်လူတွေကဘုရားရုပ်တု၊စေတီတွေကို ရွှေလှူရင်ပဲ ကုသိုလ်ပိုရသလို ပြောနေကြတာ စဉ်းစားစရာပါ။
၎။ ဘုရားက ဘာကိုမှ အစွဲမထားဖို့ တရားပြတာတောင် နောက်လူတွေက ဘုရားပုံတွေကို အစွဲထားနေကြတာ စဉ်းစားစရာပါ။
၅။ ဘုရားက ဒရဝမ်(ဂေါပက)မထားသော်လည်း နောက်လူတွေက ထားနေကြတာ စဉ်းစားစရာပါ။
၆။ ဘုရားက ဆုပေးခြင်း၊ဆုတောင်းခြင်း မပြုလုပ်တာကို နောက်ဘုန်းကြီးတွေက ဘုရားမဖြစ်ခင်က ဇာတ်တော်တွေယုံကြည် လက်ညိုးထိုးကြပြီး ဆုတောင်း၊ဆုပေးနေကြတာတွေဟာ စဉ်းစားစရာပါ။
၇။ဘုရားက သံသရာ ဖြတ်ရေး တရားကိုသာ ဦးတည်ဟောသော်လည်း နောက်ဘုန်းကြီးတွေက ဘာလေးလှူယင် ဘာအကျိုးရတယ်ဆို သံသရာလည်ရေး တရားတွေဟောနေတာ စဉ်းစားစရာပါ။
၈။ ဘုရားက မိုးတွင်း လမ်းမကောင်းလို့ သူ့ဘာသာ တစ်ပါးထဲ တောထဲမှာ သွားနေတာကို နတ်ပြည်တက်ပြီး အဘိဓမ္မာ တရားသွားဟောတာလို့ ပြောနေကြတာတွေဟာ စဉ်းစားစရာပါ။
၉။ အဲလိုပြောယင်ဖြင့် မိဘဓာတ်ပုံမထားနဲ့ ဘုရားတရားက ဉာဏ်မမှီသူတွေ နားမလည်ဘူးစသောစသော မဟုတ်တာတွေ၊အထင်တွေနဲ့ ဖင်ပိတ်ငြင်းသူ၊ပေါက်ကရပုံတွေနဲ့ငြင်းသူ၊ကျော့်ကို မိုးပြာလို့ စွတ်စွဲသူတွေ ပေါ်လာကြပေမည်။ အိမ်းး နာဝ နာဝ။
Sunday, July 8, 2018
ဗုဒ္ဓ ကို နာမည်ဖျက်ကြသူများ
Subscribe to:
Post Comments (Atom)
Search_Enging
Search_Enging =============== အကြောင်းအရာ တခုခုကိုလိုချင် ရှာချင်ရင် ဘယ်ကရှာလဲ? အယောက် ၁၀၀ ရဲ့ အဖြေက www.Google.com 👨...
-
https://play.google.com/store/apps/details?id=com.beetalk
-
မြန်မာအသံထွက်ကိုengလိုရေးနည်း internet သုံးတဲ့အခါမြန်မာဖောင့် မရှိတဲံအချိန်၊Eng လိုအစအဆုံးရေးပြောဖို့ကလဲ အစဉ်မပြေ မြန်မာလိုလဲ ရေးလို့မရ .ေ...
-
Myanmarsar-Apk (Android Device) မြန်မာ့ စာလုံးပေါင်းသတ်ပုံ၊ စကားပုံ စကားထာ ဆိုရိုးစကား မျိုးစုံ၊ မြန်မာသဒ္ဒါ၊ မြန်မာစကားပြေ၊ ကဗျာစပ်နည်း၊...
No comments:
Post a Comment
Note: Only a member of this blog may post a comment.