Sunday, July 15, 2018

ရုပ်ထု ကိုးကွယ်မှုမှ တားမြစ်ထား

ကမ္ဘာကလိုက်​မမီတဲ့ ​ထေရပညာရှင်​များ ကြွပါ
.
.
"ရုပ်​၀တ္တု ကိုးကွယ်​ခြင်းများကို တားမြစ်​ခဲ့​သေား ဗုဒ္ဓနှင့်
ရုပ်​၀တ္တု များကို ကိုးကွယ်​​နေ​သေား ဗုဒ္ဓ​နောက်​လိုက်​များ".....
***************************************
လေ့လာမိသ​လောက်​တင်​ပြရလျှင်​​တော့
ရှင်​​တော်​​ဂေါတမ ကိုယ်​​တော်​တိုင်​က ရုပ်​ပွား
ဆင်းတု တည်​ထား ကိုးကွယ်​ခြင်းများအား
ရုပ်​ခန္ဓာအား သဒ္ဒါလွန်​ ဆည်းကပ်​ ပူ​ဇော်​မှုများ
အား- တိုက်​ရိုက်​ ​သောလည်း​ကောင်း သွယ်​ဝိုက်​၍​သော်​လည်း​ကောင်း သွန်​သင်​ခဲ့ခြင်းမရှိသလို

ထိုအရာများအား ကိုးကွယ်​ ဆည်းကပ်​ခြင်းမှ
ကိုးကွယ်​မှားများဖြစ်​သည်​ဟု ဆုံးမခဲ့ပြီးဖြစ်​​တော့သည်​။ ၄င်းကို ပိဋိကတ်​ကျမ်း​တော်​၌။
ဤသို့ ​ဟောထားသည်​။

ဗဟုံ ​ဝေ သရံဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာ နိစ။အာရာမရုက္ခ ​စေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ ​နေတံ ​ခေါ သရဏံ ။ ​ခေမံ ​နေတံ သရဏ မုတ္ထမံ။ ​နေတံ သရဏမာဂမ္ဓာ၊ သဗ္ဗဒုက္ခာ ပမု​စ္စတိ။

ကြောက်​ရွံ့ထိတ်​လန့်​ကုန်​​သော များစွာ​သော လူတို့သည်​ ​တောင်​တို့ကို၎င်း။ ​တောတို့ကို၎င်း။
အရံ သစ်​ပင်​ ​စေတီပုထိုးတို့ကို ၄င်း။တည်​ထား
ကိုးကွယ်​ကြကုန်​၏။ ထိုသို့​သော ထိုအရာများအား ကိုးကွယ်​ ခြင်းသည်​ ​ဘေးကင်း​သော ကိုးကွယ်​ခြင်းမဟုတ်​။ ဤကိုးကွယ်​ ရာတို့အား ကိုးကွယ်​ ခြင်း​ကြောင့်​ ဒုက္ခခပ်​သိမ်းမှ
မလွတ်​​မြောက်​နိုင်

(သုဒ္ဒကပါဌ ၅ကျမ်းတွဲ ပါဠိ ​တော်​ ဓမ္မပဒ ပါဠိ
ဓမ္မပဒ -၁၈၈ ၁၈၉) ကိုးကွယ်​နဲ့ပတ်​သက်​ပြီးဆိုထားတာပါ။

အထက်​ပါ ပါဠိ ​တော်​မှ အနည်းငယ်​ရှင်းစရာဖြစ်​​သော စကားလုံးမှာ ​စေတျာနိ ​ခေါ်​စေတီဟူသည့်​စကားလုံးပင်​ဖြစ်​သည်​။ ထိုစကားလုံးသည်​ တည်​ထားကိုးကွယ်​ခြင်းဟု
အနက်​ကို​ပေးသည့်​ ​စေတိယျ ဟုဆင့်​ပွားခြင်းဖြစ်​ ၍ ရုပ်​ဝတ္တု။ စိတ်​ကူးပုံဖွဲ့အာရုံတည်​ ရုပ်​ ဝတ္တုမှန်​သမျှ အကျုံးဝင်​​ပေသည်​။

ထိုသို့တည်​ထား ကိုးကွယ်​ ခြင်းသည်​ ​ဘေးကင်း​သော ကိုးကွယ်​ ခြင်းမဟုတ်​-ဒုက္ခ ခပ်​သိမ်း မှမလွတ်​​မြောက်​နိုင်​​ကြောင်းကို ရှင်​​တော်​​ဂေါတမ​ကို​တော်​တိုင်​ ​ပြောပြသွန်​သင်​ပြီးဖြစ်​သည်​။

ထိုမျှမက​သေး-ရှင်​​တော်​​ဂေါတမ သက်​ရှိထင်​ရှား ရှိစဉ်​ကပင်​ ပုဂ္ဂိုလ်​ ​ရေးဆည်းကပ်​ကြည်​ညို
သဒ္ဒါလွန်​မှုအား တားမြစ်​ခဲ့​ကြောင်း

(ဝက္ကလိ ပါဠိ ​တော်​ အပဒါန ၅၃။ ၅၄)

အထက်​ပါ ပါဠိ ​တော်​များမှ ဆိုဆုံးမခဲ့​လေသည်​။

လူမိုက်​တို့သာနှစ်​သက်​အပ်​​သော ရုပ်​အဆင်း၌
အသင်​သည်​ အဘယ်​​ကြောင့်​ ​မွေ့​လျှော်​​နေဘိသနည်း (အပဒါန၅၃။ ၅၄။)

ရုပ်​ပွားဆင်းတု​ အတတ်​သုခုမသည်​ အိန္ဒိယတိုက်​ကြီး တခုလုံးနီးပါးတွင်​ ထုနှင့်​ ထည်​နှင့်​ လွမ်းမိုး ထား​သော်​လည်း။

ရှင်​​တော်​​ဂေါတမ-၏​နောက်​လိုက်​ လက်​ရင်းတပည့်​ သံဃာ​တော်​ကြီးများသည်​ကား။ ရှင်​​တော်​​ဂေါတမ သွန်​သင်​ခဲ့သည့်​ ထိုအမှုကို ​ရှောင်​ကျဉ်​ခြင်း​ကြောင့်​ ဒုက္ခ ခပ်​သိမ်းမှ လွတ်​ကင်းနိုင်​ရာဟူသည့်​ အချက်​အား ဘီစီ ၆၀၀ နီးပါးမှ ​အေဒီ ၅၀၀ နီးပါး နှစ်​တ​ထောင်​ထိ ​စောင့်​ထိန်းနိုင်​ခဲ့သည်​။

ဗုဒ္ဓ ​ဒေသနာ​တော်​များအား သာသနာပြု ဖြန့်​ချီခဲ့သည့်​ ​မောရိယ အင်​ပါယာ ပြည့်​ရှင်
အာ​သောက မင်းကြီးလက်​ထက်​တွင်​လည်း။

ဗုဒ္ဓ ရုပ်​ပွား ဟု၍ ထုဆစ်​ခဲ့​ကြောင်း မ​တွေ့ခဲ့​ပေ။

စော်​ကားလိုစိတ်​လုံးဝမရှိ့
လေ့လာမိသ​လောက်​​လေး တင်​ပြခြင်းသာ။
           
                     
Copy... cd.....

Sunday, July 8, 2018

ဗုဒ္ဓ ကို နာမည်ဖျက်ကြသူများ

ဗုဒ္ဓကို နာမည်​ဖျက်​ကြသူများ
-------------------------------------------
၁။ ဗုဒ္ဓက "ဓမ္မ" တစ်​မျိုးထဲ ​ဟောတာကို ပိဋကတ်​ ၃ပုံဆိုပြီးလုပ်​ကြ​တော့ ​နောက်​ဘုန်းကြီး​တွေက ဗုဒ္ဓထက်​ ​တော်​​နေကြတာလား စဉ်းစားစရာပါ။
၂။ ​အတုမရှိ​သော ဘုရားလို့ ဟစ်​​ကြွေးကြပြီး ဘိလပ်​​မြေ၊သဲ၊​ကျောက်​ခဲတို့နဲ့အတုလုပ်​ပြီး ဗြဟ္မဏ ဘုရားပုံဆန်​ဆန်​ ပြုလုပ်​ပြီး ကိုးကွယ်​​နေကြတာ စဉ်းစားစရာပါ။
၃။ ဘုရားက ​ရွှေမကိုင်​ရလို့ ​ပြောခဲ့တာကို ​နောက်​လူ​တွေကဘုရားရုပ်​တု၊​စေတီ​တွေကို ​ရွှေလှူရင်​ပဲ ကုသိုလ်​ပိုရသလို ​ပြော​နေကြတာ စဉ်းစားစရာပါ။
၎။ ဘုရားက ဘာကိုမှ အစွဲမထားဖို့ တရားပြတာ​တောင်​ ​နောက်​လူ​တွေက ဘုရားပုံ​တွေကို အစွဲထား​နေကြတာ စဉ်းစားစရာပါ။
၅။ ဘုရားက ဒရဝမ်​(​ဂေါပက)မထား​သော်​လည်း ​နောက်​လူ​တွေက ထား​နေကြတာ စဉ်းစားစရာပါ။
၆။ ဘုရားက ဆု​ပေးခြင်း၊ဆု​တောင်းခြင်း မပြုလုပ်​တာကို ​နောက်​ဘုန်းကြီး​တွေက ဘုရားမဖြစ်​ခင်​က ဇာတ်​​တော်​​တွေယုံကြည်​ လက်​ညိုးထိုးကြပြီး ဆု​တောင်း၊ဆု​ပေး​နေကြတာ​တွေဟာ စဉ်းစားစရာပါ။
၇။ဘုရားက သံသရာ ဖြတ်​​ရေး တရားကိုသာ ဦးတည်​​ဟော​သော်​လည်း ​နောက်​ဘုန်းကြီး​တွေက ဘာ​လေးလှူယင်​ ဘာအကျိုးရတယ်​ဆို သံသရာလည်​​ရေး တရား​တွေ​ဟော​နေတာ စဉ်းစားစရာပါ။
၈။ ဘုရားက မိုးတွင်း လမ်းမ​ကောင်းလို့ သူ့ဘာသာ တစ်​ပါးထဲ ​တောထဲမှာ သွား​နေတာကို နတ်​ပြည်​တက်​ပြီး အဘိဓမ္မာ တရားသွား​ဟောတာလို့ ​ပြော​နေကြတာ​တွေဟာ စဉ်းစားစရာပါ။
၉။ အဲလို​ပြောယင်​ဖြင့်​ မိဘဓာတ်​ပုံမထားနဲ့ ဘုရားတရားက ဉာဏ်​မမှီသူ​တွေ နားမလည်​ဘူးစ​သောစ​သော မဟုတ်​တာ​တွေ၊အထင်​​တွေနဲ့ ဖင်​ပိတ်​ငြင်းသူ၊​ပေါက်​ကရပုံ​တွေနဲ့ငြင်းသူ၊​ကျော့်​ကို မိုးပြာလို့ စွတ်​စွဲသူ​တွေ ​ပေါ်လာကြ​ပေမည်​။ အိမ်းး နာဝ နာဝ။

Thursday, July 5, 2018

လိင်တူချင်းတပ်မက်မှု

မိစ္ဆာဓမ္မ = လိင်တူချင်းတပ်မက်မှု

ခုတလော လိုင်းပေါ်မှာ ဒီကိစ္စနဲ့ပက်သက်ပြီး နာမည်ကြီး လူပြောများလာတာကြောင့် ၊ လာပြီးတော့လည်း မေးကြတာကြောင့် ဘာသာရေးရှုထောင့်ကနေပြီး နည်းနည်းလောက်တော့ ရေးဦးမယ်စိတ်ကူးပြီး ရေးလိုက်ပါတယ် ။

မိစ္ဆာဓမ္မ - မှားယွင်းဖောက်ပြန်သော အကျင့်တရား
( တိပိအဘိဓာန်)
(တနည်း) ယောကျာ်း ယောကျာ်းချင်း ၊ မိန်းမ မိန်းမချင်းတပ်မက်နှစ်သက်မှု ( ပါထိကဝဂ္ဂအဋ္ဌကထာ)
(တနည်း) မှားယွင်းဖောက်ပြန်သော ဆန့်ကျင့်ဘက်ဝတ္ထုမဟုတ်သော လိင်တူချင်းဖြစ်သောဝတ္ထုကို တပ်မက်တတ်သော လောဘတရား ( ပါထိကဝဂ္ဂဋီကာ)
( တနည်း ) မှီဝဲသင့်မှီဝဲအပ်သည့်ဝတ္ထုမဟုတ်သည်ကို မှီဝဲခြင်းဟုဆိုအပ်သော မှားယွင်းမှု ( အဂုင်္တ္တိရ်အဋ္ဌကထာ)

မိစ္ဆာဓမ္မနဲ့ပက်သက်ပြီး သုတ်ပါထေယျပါဠိတော် စက္ကဝတ္တိသုတ်နဲ့ အဂုင်္တ္တိုရ် တိကနိပါတ်ပါဠိတော် ပလောကသုတ် တို့ကို ရှုပြီး လောကကြီးမှာ လူတွေ သက်တမ်းတွေ ဆုတ်ယုတ်လာကြရတာ ရုပ်ရည်အဆင်းတွေ ဆုတ်ယုတ်လာကြရတာတွေဟာ ဘာကြောင့်လဲဆိုရင် အစဉ်အတိုင်းအားဖြင့် အတိုးချုံးပြီးပြောမယ်ဆိုရင်ပေါ့လေ

ရှေးယခင်က လူတွေဟာ သက်တမ်း ရှစ်သောင်းထိရှည်ကြပါတယ် ၊ အဲ့ဒီလို သက်တမ်းရှည်တဲ့သူတွေခေတ်မှာ မင်းအဆက်ဆက်အုပ်ချုပ်ပုံကောင်းလို့ တိုင်းသူပြည်သားတွေကို စောင့်ရှောက်ကြတဲ့အခါ ဒုစရိုက်မှု အကုသိုလ်အစုတွေကင်းပြီး ချမ်းသာမြဲ ချမ်းသာကြ အသက်ရှည်မြဲရှည်ကြ အဆင်းလှမြဲ လှကြတယ် ။

အုပ်ချုပ်တဲ့မင်း မကောင်းတဲ့အခါကြတော့ ဘာဖြစ်သလဲဆိုရင် ဆင်းရဲတဲ့သူတွေကို သင့်တင့်မျှတအောင် ဥစ္စာစည်းစိမ်မပေးဘူး ၊ မပေးတော့ ဆင်းရဲ ၊ ဆင်းရဲတော့ ဆင်းရဲခြင်းရဲ့ဒဏ်ကို မခံနိုင်လို့ အဒိန္နာဒါနခေါ်တဲ့ ခိုးမှု ဒုစရိုက်ပေါ်ပေါက်လာတယ် ၊ စပေါ်ကာစမှာတော့ ခိုးတဲ့သူကို ဘာကြောင့်ခိုးရတာလဲသိတော့ ပြစ်ဒဏ်မပေးပဲ ဥစ္စာပေးပြီး ပြန်လွှတ်တယ် ၊ ဒီလိုလုပ်တယ်ဆိုတာ သိတော့ ခိုးမှုတွေက ပိုများလာတယ် ၊ ဒါကြောင့် ခိုးတဲ့သူတွေကို ပြစ်ဒဏ်ပေးပြီး ဓားလက်နက်နဲ့ သတ်တော့တယ် ၊ အဲ့ဒီအခါ ပိုဆိုးသွားတယ် ၊ ကျန်တဲ့ပြည်သူတွေကပါ သူများပစ္စည်းကို ခိုးရုံမက လုယက်သတ်ဖြတ်တာတွေ ပေါ်ပေါက်လာတယ် ၊ လောကကြီးမှာ ခိုးမှု ၊ သတ်မှုဆိုတဲ့ အဒိန္နဒါနနဲ့ပါဏာတိပါတ ဒုစရိုက်နှစ်ခုပေါ်ပေါက်လာတယ် ။

အဲ့ဒီဒုစရိုက်နှစ်ခုပေါ်ပေါက်လာပြီး နောက်ပိုင်း လူတွေရဲ့သက်တမ်းတွေ ရုပ်ရည်အဆင်းတွေ ဆုတ်ယုတ်သွားတယ် ၊ သူတို့ကမွေးလာတဲ့ သားသမီးတွေဟာ သက်တမ်းလေးသောင်းပဲ အသက်ရှည်ကြတော့တယ် ။

အဲ့ဒီအဒိန္နဒါနနဲ့ပါဏာတိပါတ က တိုးပွားလာပြီးတော့ ဘာထပ်ပေါ်လာသလဲဆိုရင် လိမ်ညာပြောတဲ့ မုသာဝါဒပေါ်လာပြန်တယ် ။ သက်တမ်းနဲ့အဆင်း ဆုတ်ယုတ်သွားပြန်တယ် ။ နောက်ထပ် ကုန်းချောစကားပြောတဲ့ ကိုယ့်ကိုချစ်ပြီး သူ့ကိုမုန်းအောင် ပြောတဲ့ ပိသုဏဝါစာ ပေါ်လာပြန်တယ် ၊ သက်တမ်း.အဆင်းဆုတ်ပြန်တယ် ၊ အဆင်းကွာတော့ လှပတဲ့သူတပါးသားမယားကိုဆော်ကားတဲ့ ကာမေသုမိစ္ဆာစာရ ပေါ်လာပြန်တယ် ။ နောက်ထပ် ကြမ်းတမ်းစွာပြောတဲ့ ဖရုသဝါစာ ၊ ပြိန်ဖျင်းအကျိုးမဲ့စကား သမ္ဖပ္ပလာပ ဒုစရိုက်နှစ်ပါး ထပ်ပေါ်လာတယ် ။ ထိုကတဆင့် သူတပါးစည်းစိမ်းဥစ္စာကို ရှေ့ရှုကြံစည်တဲ့ အဘိဇ္ဈာ ၊ သူတပါးကို ပျက်စီးဆုတ်ယုတ်စေလိုတဲ့ ဗျာပါဒ တရားဆိုးတွေ လောကကြီးမှာ ပေါ်ပေါက်ခဲ့ပြန်တယ် ၊ ထိုအချိန် သက်တမ်းက တစ်ထောင်ထိ ဆုတ်ယုတ်ခဲ့ပြီ ၊ အဲ့ဒီအချိန်မှာ မှားယွင်းတဲ့အယူဝါဒအမျိုးမျိုးဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိ အကုသိုလ်ပေါ်ပေါက်လာပြန်တယ် ။ ဒုစရိုက်ဆယ်ပါးလုံး လောကကြီးမှာ စုံပြီ သက်တမ်းတွေ အဆင်းတွေလည်း ဆုတ်ယုတ်ပျက်စီးခြင်းမလှ ဆုတ်ယုတ်ပျက်စီးကုန်ကြပြီ ။

( ဒီလိုအချိန်မျိုး ဦးဇင်းတို့ဘုရားက ပွင့်လာလို့ အခုကခံသာနေတာ သိပ်မဆုတ်ယုတ်သေးတာ ဘုရားမပွင့်ဘူးဆိုရင် အသက်တမ်းတွေ ရုပ်ရည်အဆင်းတွေ ပိုဆိုးပြီး ဆုတ်ယုတ်နေပြီ အခုကိုကြည့် အတော်ကြီး ဆုတ်ယုတ်နေပြီ)

  အဲ့ဒီကနေ ဘာထပ်ပေါ်လာသလဲဆိုရင် တရားသုံးပါး ထွန်းကားလာတယ် ၊
၁ ။ အဓမ္မရာဂ = အမေ အဒေါ် အစ်မ ညီမ သမီးတို့အပေါ်၌ တပ်မက်ခြင်းရာဂ ၊
၂ ။ ဝိသမလောဘ = အလွန်အားကြီးပြင်းထန် မခံစားသင့်သောအရာတို့၌ လိုချင်တပ်မက်ခြင်းလောဘ ၊
၃ ။ မိစ္ဆာဓမ္မ = မှားယွင်းဖောက်ပြန်သော ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း တပ်မက်နှစ်သက်ခြင်း ဆိုတဲ့ တရားဆိုးသုံးပါးပေါ်ပေါက်လာတယ် ၊ ထိုအခါ အမိ၌ပြုသင့်ပြုထိုက်သော ကျင့်ဝတ်တရားတွေကိုလည်း မပြုကြတော့ဘူး ၊ မလုပ်ကျွေး.မပြုစု.မရိုသေကြတော့ဘူး ၊ အဖ၌ ပြုသင့်ပြုထိုက်သော ကျင့်ဝတ်တရားတွေကိုလည်း မပြုကြတော့ဘူး ၊ ရဟန်းသူတော်စင် သူတော်မြတ်တို့၌ ထို့အတူ မပြုကြတော့ဘူး ၊ လူကြီးသူမတွေကိုလည်း ရိုသေးခြင်းမရှိကြတော့ဘူး ။ ထိုအချိန်၌ သက်တမ်းဟာ ဆယ်နှစ်ထိအောင် ဆုတ်ယုတ်ပြီး လောကကြီးမှာလဲ ကောင်းတယ်ဆိုသည့် အရာမှန်သမျှလည်း ပျောက်ကွယ်ကုန်ပြီးတော့ လူတွေဟာ ဆိတ်.သိုး.ကြက်.ဝက်.ခွေး.မြေခွေးတို့ကဲ့သို့ လောကကြီးသည် ရောယှက်ရှုပ်ထွေး စည်းကမ်းပျက်ခြင်းသို့ ရောက်သွားလိမ့်မည် ။ သားနှင့်အမိ မောင်နှင့်နှမ ဆွေးမျိုးပေါက်ဖော် စသည်သဘောမထား လူအချင်းချင်း သတ်ဖြတ်လိုစိတ်.မုန်းတီးစိတ်.ပြင်းထန်းပြီး ရရာလက်နက်ဖြင့် အချင်းချင်း သတ်ဖြတ်ကြတဲ့ သတ္ထန္တရကပ်ဆိုက်ရောက်ကာ လောကကြီး ပျက်စီးသွားပါလိမ့်မယ် ။

အဲ့ဒီလို သတ္ထန္တရကပ် ဆိုက်သည့်အခါ အချို့သူတော်ကောင်းစိတ် လက်ကျန်ရှိတဲ့သူတွေက လွတ်ရာရှောင်ပြေးကာ ပုန်းနေကြလိမ့်မယ် ။ ထိုကပ်ကြီး ခုနစ်ရက်ဆိုက်ပြီး အားလုံးသေကုန်ကြတဲ့အခါ ပုန်းနေကြတဲ့သူတွေပဲ ကျန်ခဲ့မယ် ၊ သူတို့တွေက ကပ်ကြီးကလွတ်ပြီး အချင်းချင်း သက်ရှိအချင်းချင်း ပြန်တွေ့ရလို့ ဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီး ကပ်ကြီးရဲ့အနိဋ္ဌာရုံကို မြင်ရလို့ ငါတို့တွေ ပါဏာတိပါတက ရှောင်ကြစို့ ၊ ကောင်းတာတွေပဲ ကြိုးစားပြုကြစို့လို့ တိုင်ပင်းပြီး ရှောင်ကြဉ်ကြတဲ့အခါ လောကကြီးမှာ သုစရိုက်တစ်ပါးပေါ်ပေါက်လာတယ် ၊ သူတို့ကမွေးတဲ့သားသမီးတွေကျတော့ သက်တမ်းနှစ်ဆယ် ပြန်တက်သွားတယ် ၊ အသက်.အဆင်း ပြန်တက်ပြီပေါ့ ၊ အဲ့ဒီကနေ အဆင့်ဆင့် ဒုစရိုက်မှုတွေ ရှောင်ရှောင်လာပြီး သုစရိုက်ဆယ်ပါးစုံသွားတဲ့အခါ လူတွေရဲ့သက်တမ်းဟာလည်း ရှစ်သောင်းတမ်းထိတက်သွားတယ် ၊ သီလတွေကောင်းလို့ ရောဂါဆိုလို့ တပ်မက်ခြင်း ၊ ဆာလောင်ခြင်း ၊ အိုခြင်း သုံးမျိုးပဲ ရှိတော့တယ် ၊ အစာရေစာ ပေါများ ရတနာမျိုးစုံစုပုံ လောကကြီးဟာလည်း သိပ်ကို သာယာစည်ကားငြိမ်းချမ်းသွားတယ် ၊ (ပလောကသုတ်မှာလည်း ပုဏ္ဏားအမေးကို ဘုရားရှင်က ဤအတိုင်းပင် ဖြေခဲ့ပါတယ်)

ဤသုတ်တော်များကို ထောက်ရှုပြီးတော့ ယခုခေတ် လိင်တူချစ်သူကိစ္စတွေ တွင်ကျယ်ခေတ်စားလာခြင်းသည် ကောင်း၏. မကောင်း၏ ဆင်ခြင်သိနိုင်ကြပါတယ် ။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တိုင်းဟာ ပရမတ္ထဒေသနာ အဘိဓမ္မာအမြင်နဲ့ချည်း ကြည့်လို့မရပါဘူး ၊  ဝေါဟာရတ္ထဒေသနာခေါ်တဲ့ သုတ္တန် ဝိနည်းဒေသနာတွေကို လောကလူအများ ပညတ်သမုတ်ခေါ်ဝေါ်ခြင်းအားဖြင့် ဟောကြားတော်မူခဲ့ရတာတွေလည်း ရှိပါတယ် ၊ ဘာလို့လဲ ဒါတွေက မမှန်ဘူးလား မှန်တာပါပဲ လောကကြီးမှာ နေထိုင်အသက်ရှင်နေကြသည် ဖြစ်သောကြောင့် လောကလူအများ သတ်မှတ်ချက်များသည်လည်း အမှန်တရားများပင် ဖြစ်ပါတယ် ၊ သစ္စာအားဖြင့်ဆိုက သမ္မုတိသစ္စာလို့ ခေါ်တာပေါ့ ၊ နေရာတကာ သူမဟုတ် ငါမဟုတ် နာမ်နဲ့ရုပ်ချည်းပဲ လုပ်နေရင် အမေဆိုတာ မရှိတော့ဘူး ၊ အဖေဆိုတာ မရှိတော့ဘူး ၊ အမေ့ကျေးဇူး မရှိတော့ဘူး ၊ အဖေ့ကျေးဇူး မရှိတော့ဘူး ၊ ရဟန်း ၊ သူတော်စင်မရှိတော့ဘူး ၊ ဒါန သီလ မရှိတော့ဘူး ။

လောကကျင့်ဝတ်အလိုက် ဟိရီသြတ္တပ္ပတရား ထားသင့်သည့်နေရာ ထားကြရမယ် ၊ ရှောင်ကြဉ်သင့်သောအမှုကို ရှောင်ကြဉ်ကြရမယ် ၊ စောင့်စည်းသင့်သောအမှုကို စောင့်စည်းကြရမယ် ၊ ရှက်သင့်သောကိစ္စ ရှက်ရမယ် ၊ ကြောက်သင့်သောကိစ္စ ကြောက်ကြရမယ် ၊ ပညတ်သမ္မုတိကို လောကီနယ်အတွင်း နေနေသမျှ ပယ်ရှား၍မရပါဘူး ၊ တရားကို တကယ်ကြီး လွတ်အောင်ကျွတ်အောင် အားထုတ်မှသာ ရုပ်နမ်အမြင် နာမရူပပရိစ္ဆေဒဉာဏ်ကို အသုံးချရတာ ဖြစ်ပါတယ် ၊ မကောင်းမှုပြုရန်အတွက် တလွဲအသုံးချကြဖို့ မဟုတ်ပါဘူး ။

အဓိပ္ပါယ်မရှိသော ကိစ္စများကို လိုက်နာစောင့်ထိန်းဖို့မလိုပေမဲ့ လောကသင်္ကေတနိမ္မိတာ = လောကအတွင်း ရှေးပညာရှိ သူတော်ကောင်းအဆက်ဆက် သမုတ်ပညတ်ထားတဲ့ လူ့ယဉ်ကျေးမှု လူ့စည်းကမ်း လူ့ဥပဒေ လောကဥပဒေ သီလတရားတွေကို ဘုရားရှင်လည်း မပစ်ပယ်ခဲ့သလို့ ဟိရီသြတ္တပ္ပရှိကြတဲ့ သူတော်ကောင်းမှန်သမျှသည်လည်း လိုက်နာကြရမှာပါ ။ ဆုတ်ကပ်ခေတ်ဖြစ်လာတာနှင့်အမျှ စက္ကဝတ္တိသုတ်တော်ဒေသနာအရ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ သုစရိုက်တရားတွေ သီလတရားတွေဟာ ဆုတ်ယုတ်မှုတွေ သိပ်ကို များလာကြတယ် ၊ မကောင်းမှုကိုပင် မကောင်းမှုလို့ သိပ်မထင်ကြ ၊ ကောင်းမှုကိုပင် မကောင်းမှုရယ်လို့လည်း ထင်မြင်တတ်ကြတယ် ၊ ကောင်းတာလုပ်သူကို ကဲ့ရဲ့ကြပြီး မကောင်းမှုလုပ်တဲ့သူကိုပင် သူတော်ကောင်းကဲ့သို့ ပူဇော်ကြ သူရဲကောင်းကဲ့သို့ ထင်မြင်တတ်ကြပါတယ် ၊ ဒါဟာ ဘုရားဟောသည့်အထဲမှာလည်း ထိုအတိုင်းပင် အတိအကျ ဖော်ပြထားပါတယ် ၊ ဒီမှာ စာရှည်မှာစိုးလို့ သုတ်အကုန်လုံးကို မဖော်ပြခြင်းပါ ။ ဒါကြောင့် မိစ္ဆာဓမ္မတွေ ထွန်းကားလာခြင်းဟာ လောကကြီးအတွက် ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ပါဘူးဆိုတာကို သုတ်ပါထေယျပါဠိတော် စက္ကဝတ္တိသုတ် ၊ အဂုင်္တ္တိုရ် တိကနိပါတ်ပါဠိတော် ပလောကသုတ် တို့ကို ထောက်ရှု၍ တင်ပြလိုက်ပါရတယ် ။

သူတော်ကောင်းတရားများ ထွန်းကားပါစေသတည်း...

ရေးသားသူ - Ashin Pyinnyartharmi
                 အရှင်​ပညာသာမိ

Tuesday, July 3, 2018

၁၀ ရက် ၁၀ ပေါင် ဝိတ်ချနည်း

၁၀ ရက်ကို
သေချာပေါက်
၁၀ ပေါင် ကျစေရမယ် ...

သို့သော်
တကယ်လိုက်လုပ်နိုင်ဖို့တော့
လိုပါလိမ့်မယ် ...

(၁)
တစ်နေ့ကြက်ဥ ၉ လုံးကို
တနပ် ၃ လုံး
(အနှစ်တစ်လုံးဘဲစားရပါမယ်)
ကြက်ဥပြုတ်ကို ဆီတစ်ဇွန်းနဲ့
ကြော်၍သော်လည်းကောင်း
ချက်၍သော်လည်းကောင်း
ပေါင်း၍သော်လည်းကောင်း
အဆင်ပြေသလို စားနိုင်ပါသည်
( နေ့တိုင်း ကြက်ဥ ၉ လုံးမှလွဲ
ကျန်တဲ့ သရေစာ ထမင်း အသားများ
အချိုရည် အပါအဝင်ဘာမှ မစားရပါ )

(၂)
အစာဖြတ်လိုက်တဲ့အတွက်
ခန္ဓာကိုယ်မှ လိုအပ်တဲ့
ကိုယ်ခံစွမ်းအားတွေ ပြည့်ဝရန်နဲ့
လန်းဆန်းရန်အတွက်
မာတီဗီတာမင် နဲ့ ဆီဗစ် ၅၀၀အား
တစ်လုံးစီကိုတော့
နေ့တိုင်းသောက်ရပါမယ် ...

(၃)
ခန္ဓာကိုယ်မှာ
ရေဓာတ်က
အရေးကြီးဆုံးဖြစ်တဲ့အတွက်
ဗိုက်ဆာတိုင်း ရေသောက်ပေးဖို့လိုပါမယ်
ရေသောက်ပေးခြင်းဟာ
ဆာလောင်မှုတွေလဲ လျှော့ကျစေပါတယ်
( ဖြစ်နိုင်ရင် ဓာတုပစ္စည်းကင်းတဲ့
လက်ဖက်ခြောက်သုံးတဲ့ရေနွေးကြမ်းကို
သောက်ရင်ပိုပြီး ကောင်းပါတယ် )

အထက်ပါသုံးချက်ကို
လိုက်နာကျင့်သုံးမယ်ဆိုရင်
GyM သွားစရာ
အားကစားလုပ်စရာမလိုဘဲ
၁၀ ရက်အတွင်း ၁၀ပေါင် ကျစေရမယ်လို့
ရဲရဲကြီး အာမခံလိုက်ရပါတယ်ဗျာ ...

( ၃ လအတွင်း ပေါင် ၄၀နီးနီး
ကျချင်ရင်တော့ ဒီမှာ ဝင်ဖတ်ကြည့်ဗျာ )

https://www.facebook.com/100004979024460/posts/925679777607981/

ကိုယ်တိုင်လက်တွေ့
ကျင့်သုံးရင်း တက်လာတဲ့
၁၀ ပေါင် ပြန်ကျသွားသော ...

#Ka_Thar_Nyi

Monday, July 2, 2018

ကုရ်ဗာနီ

ကုရ်ဘာနီ
( တစ်ချိန်တုံးက ဖေ့စ်ဘွတ်ခ်ပေါ်မှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ရဲစိန်ရဲ့ ကုရ်ဘာနီအပေါ်ဝေဖန်ထားချက်ကိုကျွန်တော့ရဲ့ တုန့်ပြန်ချက်ပါ။)

(((အစ်ခ်နေ့ မှာ နွားသတ်ရခြင်းအကြောင်း။)))

ခေါင်းစဉ်ကိုက စမှားနေပါတယ်။ အီးဒ်နေ့မှာ နွားသတ်တာမဟုတ်ပါဘူး။ အသားဝတ္ထု လှုဒါန်:တာဖြစ်ပါတယ်။ဒီလို လှုဒါန်းဖို့ ကိုရမ်ကျမ်းတော်မြတ်က ယခုလို မိန့်ဆိုထားပါတယ်။

စင်စစ် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏(သာသနာ့)အထိမ်းအမှတ်များအနက် အထိမ်းအမှတ်တစ်ရပ် ပြုလုပ်တော်မူခဲ့၏။ အသင်တို့အဖို့ ယင်းကုရ်ဗာနီ ကုလားအုတ်များတွင်ကောင်းကျိုးသည်ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်ယင်းကုရ်ဗာနီကုလားအုတ်များအပေါ်ဝယ် (၎င်းတို့အား)စီတန်းရပ်စေလျက် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသ(၍ကုရ်ဗာနီပြုလုပ်)ကြလေကုန်။ ထို့နောက် ယင်းကုရ်ဗာနီကုလားအုတ်များသည် ဘေးစောင်းလဲကျသွားကြလေသောအခါ အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြ လေကုန်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးတင်ကြအံ့သောငှာယင်းကုရ်ဗာနီကုလားအုတ်များကို အသင်တို့၏လက်အောက်ခံဖြစ်စေတော်မူခဲ့ပေသတည်း။ (ကိုရမ် ၂၂း၃၆)

ဒါ့အပြင် ဒီအသွေးအသားတွေဟာ အလ္လာဟ်အရှင်မြတ်ဆီ ရောက်ရှိတာမဟုတ်ကြောင်းကိုလဲ ဆက်လက်မိန့်ဆိုထားပါသေးတယ်။

"အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အသင်တို့သည် မိမိအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော် မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏ လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။" (ကိုရမ် ၂၂း၃၇)

နွားမှမဟုတ်ပါဘူး၊ စားလို့ရတဲ့ သတ္တဝါကို သတ်လို့ရပါတယ်။ အဓိကကုသိုလ်က အသားဝတ္ထုလှုဒါန်:ခြင်း ဖြစ်ပြီး သတ်တာကုသိုလ်မဟုတ်ပါ၊ သတ်တာကုသိုလ်ဆို ဝက်ပဲသတ်လိုက်တော့မှာပေါ့ဗျာ။ ဘယ်မွတ်ဆလင်ကမှလဲ သားသတ်ရုံက ပုဂ္ဂိုလ်တစ်ဦးကို ဟာ၊ ခင်ဗျားတော့ ကုသိုလ်တွေ နေ့တိုင်းရနေတော့မှာပဲနော် လို့မပြောပါ။ ဒီလိုပဲ ခင်ဗျားကတော့ အကုသိုလ်ကောင်ကြီးပဲလို့လဲ မသတ်မှတ်ပါ။  သူသတ်တဲ့အသား ကိုစားပြီး  သူ့ကိုကဲ့ရဲ့သူတွေကို မြန်မာလို ကြောင်သူတော်တွေလို့ ခေါ်ပါတယ်။

ကုရ်ဘာနီအိဒ်ပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်က  မရှိဆင်းရဲသားတွေ အသားသုံးဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။ ဘုန်းကြီးဝတ်မယ်၊ ဒါပေမဲ့ မယားနဲ့ တူတူပေါင်းသင်းမယ်လို့ မရပါ။ ဘုန်းကြီးဝတ်ရင် သားမယားကို စွန့်ဖို့က မဖြစ်မနေလုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။  အသားဝတ္ထုလှုဒါန်းမယ်ဆိုရင်လဲ စားသုံးရန်ခွင့်ပြုတဲ့ သတ္တဝါအသက်ကို သတ်ရမှာလဲ ရှောင်လွှဲလို့မရတဲ့အဖြစ်ပါ။ ဒီလောက်ရှင်းတာကို နားမလည်လဲ ဂရုမစိုက်ပါ။ ဘုရားကိုတောင်  သားသမီးနဲ့ကွဲ ၊ လင်မယားတွေကွဲအောင် လုပ်တဲ့သူကြီးလို့ မဂတတိုင်းပြည်က လူတွေက  ကဲ့ရဲ့ခဲ့ကြသေးတာပဲဗျာ ။  (ဝိနည်း၊ မဟာဝဂ်၊လူကုံထံတို့ ရဟန်းပြုခန်း၊ အမှတ် ၆၃) ။ အဲဒီပြည်မှာတော့ ကဲ့ရဲ့မူဟာ ၇ရက်ပဲကြာပြီး ပျောက်ကွယ်တယ်လို့ ဆိုပေမဲ့ ဒီမှာတော့ အခု အေဒီ၂၀၁၅ထိလဲ ဒီအတိုင်း ကဲ့ရဲ့သူတွေ ဒုနဲ့ဒေးပါ။

အစ္စလာမ်က အပင်ထွက်ကုန်ကော၊ တိရိစ္ဆာန်ထွက်ကုန်ကော စားသုံးဖို့ ခွင့်ပြုထားပါတယ်ခင်ဗျ၊  အပင်ထွက်ကုန် တွေမှာ အမျှင်၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင်အီး စတာတွေ ကြွယ်ဝစွာပါဝင်သလို၊ တိရိစ္ဆာန်ထွက်ကုန်တွေမှာ ဇင့်၊ ဗိုက်တာမင် ဘီ၁၂၊ ဗိုက်တာမင်ဒီ ၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ Carnosine စတာတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ၂မျိုးလုံးကို သင့်တင့်မျှတစွာ စားရပါမယ်။
ဒေဝဒတ်က ဘုရားကို သတ်သတ်လွတ်စားဖို့ တိုက်တွန်းပေမဲ့ ဘုရားလက်မခံခဲ့ပါဘူးခင်ဗျ (ဝိနည်း၊ ပါရာဇိကဏ်ပါဠိတော် ၂ သံဃာဒီသိသ်အခန်း ၁၀- သံဃဘေဒသိက္ခါပုဒ်  အမှတ် ၄၀၉)

ဟုတ်ကဲ့ ၊ သတ်တာနဲ့ အသားစားတာမတူဘူးဆိုတာ အားလုံးသိသလို၊ ခိုးတာနဲ့ ခိုးရာပါ ပစ္စည်းလက်ခံတာလဲ မတူဘူးဆိုတာ အားလုံးလက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆို ယုတ်ညံ့အပြစ်ရှိ ပါတယ်လို့ လက်ခံတဲ့ ခိုးခြင်းမှတစ်ဆင့် ရရှိလာတဲ့ ပစ္စည်းကို လက်ခံဝယ်ယူ သုံးစွဲမူ မပြုပါဘူးခင်ဗျ၊ ဘာလို့ဆို ခိုးခြင်းကို အားပေးအားမြောက်ပြုလို့ပါ။  တကယ်လို့ အစ်ကိုတို့အနေနဲ့လဲ သတ်ခြင်းဆို ဘယ်လိုအကြောင်းကြောင်း သတ်သတ် အပြစ်ရှိပါတယ်လို့ လက်ခံတယ်ဆိုရင် သတ်ခြင်းမှ တစ်ဆင့်ရရှိလာတဲ့ အသားကိုလဲ လက်ခံ၊ ဝယ်ယူစားသုံးခြင်းမပြုသင့်ပါဘူးခင်ဗျ၊ အားပေးအားမြောက်ဖြစ်ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားက ဆက်စပ်နေတာဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုဟာ ဈေးကွက်မှာ ဝယ်ယူအားပေးမူ သိပ်မရှိဘူးဆိုရင် ဘယ်သူမှ အရှုံးခံပြီး ဆက်လက်ထုတ်လုပ် ရောင်းချမနေပါဘူးခင်ဗျ။ ဝယ်ယူအားပေးမူ များပြားလို့သာ ဆက်လက်ထုတ်လုပ်ရောင်းချနေတာ ဖြစ်တယ်ဆိုတာ အားလုံးနားလည်မှာပါ။

ပြသ၁နာတော့ မရှိပါ။ ဘယ်လောက်ရှင်းပြပြ ကုရ်ဘာနီပြုသူတွေကို သားသတ်သမားတွေလို့ မြင်ကြသူတွေ ရှိသလို ၊ ဘုရားက တောင်းစားတတ်ကာမျှဖြင့် ရဟန်းဟူ၍ မဖြစ်လို့ (ဓမ္မပဒပါဠိတော် ၊၁၉- ဓမ္မဋ္ဌဝဂ် ၇-အညတရဗြဟ္မဏဝတ္ထု အမှတ် ၂၆၆) ဖြေရှင်းချက်ပေးသော်လည်း ရဟန်းတွေကို လိုင်စင်ရ တောင်းရမ်းစားသောက်သူတွေလို့ မြင်နေကြသူတွေလဲ ဒုနဲ့ဒေးပါလို့။

(((အစ္စလာမ်ဘာသာဝင်တို့ ၏ အထွတ်အမြတ်ဖြစ်သော ဘာသာရေး အစ်ခ်ပွဲတော်မှာ အခြားသော ဘာသာတ၇ားများ၏ ပွဲတော်များနှင့် မတူ၊ တမူ ထူးခြားလှပေ၏။  သွေးသံတရဲရဲ၊ သတ်ဖြတ်ပွဲများနဲ့  ရက်စက်စွာ ကျင်းပကျပါတယ်။ နွား၊ဆိတ်၊သိုး၊ ကုလားအုတ်အစရှိတာတွေကို ဘာသာရေး ဗလီကျောင်းဝင်းအတွင်းမှာ ဘုရားနာမည်တပြီး လှည်လှီး သတ်ဖြတ်ကျပါတယ်။ အဲဒါကို ကုရ်ဘာနီ လုပ်တယ်လို့ သူတို့ ခေါ်ပါတယ်။ အခါကြီး၊ရက်ကြီး ဘာသာရေး အထွတ်အမြတ်နေ့ များမှာ သတ်သတ်လွတ်စားခြင်း၊ ဥပုသ်စောင့်ခြင်း၊ ငါးလွှတ်ခြင်း ဘေးမဲ့လွှတ်ခြင်း၊ ခုနှစ်ရက်သားသမီးကို စတုဒီသာအလှူပေးခြင်း စသဖြင့် ကုသိုလ်ကောင်းမူ များကို ဆောင်ရွက်ကျသော သာသာဝင်များအတွက်ကတော့ အစ္စလာမ်ဘာသာဝင်တို့ ၏ ဘာသာရေး ပွဲတော်ကို နားမလည်နိုင်သလို အလွန်တရာမှလည်း စက်ဆုပ် ရွံရှာကျပါတယ်။)))

ကျွန်တော်တို့ရဲ့ အလှုက ထောင့်စုံပါတယ်။ အများဆုံးလှုဖြစ်တာက ပိုက်ဆံပါ။ ပြီးရင် ဆန် စတဲ့ ကောက်ပဲသီးနှံနဲ့ အဝတ်အထည်တွေကို လှုဖြစ်ပါတယ်။ လှုဖြစ်တာ အနည်းဆုံးက အသားပါ။ အဓိကအားဖြင့် အဲဒီ အီးဒ်ပွဲတော်မှာသာ လှုဖြစ်တာပါ။

သတ္တဝါအသက်ကို သတ်ပြီး အသားဝတ္ထုလှုဒါန်းလိုက်လို့ အပယ်လုံးဝမကျတော့ပဲ ကောင်းရာဘုံကိုသာ ဘဝအဆက်ဆက်ရောက်ရှိသူတွေအကြောင်း ပိဋကတ်မှာပါတယ်။

ဥပမာအားဖြင့် အသျှင်ဒွေရတနိယမထေရ်ဟာ ရှေးဘဝက မုဆိုးဖြစ်ခဲ့ပါ တယ်။ ဝိပသီ၁ မြတ်စွာဘုရားကို အသားတစ်ကပ်လှူချိန်ကစပြီး အပယ်လုံးဝမလားရတော့ပါဘူး ၊  မဟာရောဟိတအမည်ရှိတဲ့ စကြာဝတေးမင်းတောင် ဖြစ်ဖူးပါသတဲ့ ခင်ဗျ။ (ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်ပါဠိတော်၊ ၂၃ အာလမ္ဗဏဒါယကဝဂ် ၊ ၃- ဒွေရတနိယတ္ထေရအပဒါန်)

နောက်ပြီးတော့ အသျှင်မဓုမံသဒါယကမထေရ်ဟာ ရှေးဘဝက ဝက်သားသည်(ဝက်သတ်သမား)   ဖြစ်ခဲ့တယ်။  ဝက်သားတွေကို သပိတ်အပြည့် ရဟန်းတစ်ပါးကို လှုဒါန်:ခဲ့တယ်။ ဒီလို လှုဒါန်:တဲ့ အချိန်ကစလို့ အပါယ်လုံးဝမလားရတော့ပါဘူးတဲ့ ၊ နတ်ပြည်ရောက်ပါသတဲ့။(ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်ပါဠိတော်၊၊ ၄၂ ဘဒ္ဒါလိဝဂ်၊ မဓုမံသဒါယကတ္ထေရအပဒါန်)

ဒါ့အပြင် အသျှင်သုစိန္တိမထေရ်ဟာ ရှေးဘဝက သားရဲတိရိစ္ဆာန်အပေါင်းကို သတ်ဖြတ်စားသောက်တဲ့  မုဆိုးဖြစ်ပါသတဲ့၊ သူဟာ ချေ၊ သမင်တို့ကို သတ်ပြီး အတ္ထဒသီ၁မြတ်စွာဘုရားကို လှုလိုက်တယ်၊ ဒီအလှုကြောင့် ကမ္ဘာပေါင်း တစ်ရာ့ငါးဆယ်ပတ်လုံး နတ်ပြည်မှာ နေရပါတယ်တဲ့ ခင်ဗျ၊ ( ခုဒ္ဒကနိကာယ်၊ ထေရာအပဒါန်ပါဠိတော်၊ ၇- သကစိန္တနိယဝဂ် ၊ ၆- သုစိန္တိတတ္ထေရအပဒါန်)

ဟုတ်ကဲ့ စဉ်းစားကြည့်ပါ ။ ဘုရားဆိုတာ ငတ်မွတ်နေသူမဟုတ်ပါဘူး၊ တကယ်လိုအပ်ချက်ရှိနေသူလဲ မဟုတ်ပါဘူး။ ဒီလို ငတ်မွတ်သိပ်နေသူမဟုတ်သူကိုတောင် လှုတာ ဒီလောက်ကုသိုလ်ရတယ်ဆိုရင် တကယ်ငတ်မွတ်သိပ်နေတဲ့ မရှိဆင်းရဲသားတွေကို လှုဒါန်းတဲ့ ကျွန်တော်တို့ရဲ့ အလှုဟာ အများကြီးအများကြီး ပိုအကျိုးရှိပြီး ကုသိုလ် ဖြစ်ထွန်းမှာဖြစ်ပါတယ်ခင်ဗျ။

ပိဋကတ်မှာ အလှုခံပုဂ္ဂိုလ်အတွက် ဘယ်လိုမှ အကျိုးမရှိတဲ့ လှုဒါန်းမူကိုတောင် မြင့်မားတဲ့ ကုသိုလ်လုပ်ရပ်အဖြစ် ပြောထားသေးတယ်ခင်ဗျ။  ဥပမာအသျှင်ပဒုမစ္ဆဒနိယ မထေရ်ဟာ ရှေးဘဝက ဝိပသီ၁မြတ်စွာဘုရားကွယ်လွန်တော့ ပဒုမ္မာကြာပန်းကို ထင်းပုံပေါ်တင်ပြီး လှုဒါန်းပါ တယ်၊ ဒီလို လှုဒါန်းခြင်းအကျိုးကြောင့် အဲဒီအချိန်ကစပြီး တစ်ခါမှအပယ်မလားရဘူး၊ စကြာဝတေး မင်းတောင်ဖြစ်ပါသတဲ့ ခင်ဗျ။ (ခုဒ္ဒကနိကာယ်၊ ထေရာအပါန်ပါဠီတော်၊ ၅- ဥပါလိဝဂ် ၆- ပဒုမစ္ဆဒနိယတ္ထေရအပဒါန်)

ဟုတ်ကဲ့ ၊ ဘုရားက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ပဒုမ္မာကြာပန်းကို ဘုရားပန်ချင်လို့လဲ မရပါဘူး၊ ရှုချင်လို့လဲ မရပါဘူး။ ကဲ၊ ဒီလိုမျိုး ဘာမှသိပ်အကျိုးမရှိတဲ့ ကိစ္စကိုတောင် စကြဝတေးမင်း ဖြစ်လောက်တဲ့ ကုသိုလ်ကောင်းမူလို့ဆိုထားရင် ကျွန်တော်တို့လို မရှိဆင်းရဲသားငတ်မွတ်နေသူတွေအတွက် အမှန်တကယ် အကျိုးရှိစေတဲ့ ကုရ်ဘာနီရဲ့ ကုသိုလ်ဟာ မနှိုင်းယှဉ်သာအောင် ကြီးမားနေမှာ အမှန်ပါပဲခင်ဗျ။

ဟုတ်ပါတယ်၊ သားကောင်ကို  လှီးဖြတ်တဲ့အခါမှာ အစ္စလာမ်သာသနာက “အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်ပါသည်” ဆိုတဲ့ အရဗီစကားကို ရွတ်ဆိုပြီး လှီးဖြတ်ရပါတယ်။ ဒါဟာ လူသား အနေနဲ့ စားနပ် ရိက္ခါအတွက် သားကောင်ကို လှီးဖြတ်နေရသော်လည်း သားကောင်ကို သတ်နိုင်ပါတယ်ဆိုပြီး  ကိုယ့်ကိုကိုယ် ဘဝင်မမြင့်ဖို့ အတွက် သတိပေးနေတာဖြစ်ပါတယ်။

အသတ်သတ်ဖြတ်မူတိုင်းဟာ ရက်စက်ရာကျပါတယ်ဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွါးစဉ်က ကမ္ဘာနဲ့ တစ်ဝှမ်းမှာ ကြက်ငှက်တွေကို ကြိုတင်ကာကွယ်မူအနေနဲ့ သတ်ဖြတ်ခဲ့ကြပါတယ်၊ မြန်မာနိုင်ငံမှာလဲ ဒီအတိုင်းပါပဲ၊ ဒါပေမဲ့ ဘယ်ကြောင်သူတော်တွေကမှ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြတယ်လို့ မကြားမိပါ။
ဟုတ်ကဲ့၊ ဒီလိုအခြေအနေမျိုးမှာ  ကြက်ငှက်တွေ ကိုရှင်းလင်းဖို့ဆိုတာ မဖြစ်မနေ လိုအပ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေက ခွင့်ပြုတာဖြစ်ပါတယ်။

ပိဋကတ်မှာလို အသျှင်ဗောဓိသမ္မဇ္ဇကမထေရ်ဟာ ရှေးဘဝက စေတီပေါ်က ဗောဓိရွက်အမှိုက်၂ခုကို ဖယ်ရှားစွန့်ပစ်ခဲ့တဲ့အတွက် သူ့ရဲ့ဘဝကြီးငယ်တစ်လျှောတ်မှာ သူ့ရဲ့ကျွန်ယောက်ကျား၊ မိန်းမတို့ဟာ သူ့ရဲ့စိတ်အလိုကို လိုက်ကြရတဲ့ အကျိုးကျေးဇူးကိုရရှိ၊ (ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်ပါဠိတော်၊ ၅၃- တိဏဒါယကဝဂ်  ၈- ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန်၊ အမှတ် ၆၂) ပါတယ်ဆိုရင် လူသားတွေအတွက် အကျိုးရှိစေမဲ့အရာအတွက် ပညာရှင်တွေရဲ့ ရောဂါ တားဆီးရေအတွက် ရှင်းလင်းခွင့်ပြုမူဟာ ပိုမိုတောင် ကုသိုလ်ရဦးမှာပါခင်ဗျ။

လူသားတို့ စားသောက်ရန်အတွက် အပင်တွေစိုက်ပျိုးရာမှာလဲ ပိုးသတ်ဆေးတွေအသုံးပြုရပြီး ထွန်ယက်စိုက်ပျိုးရတယ်ဆိုတာ အားလုံးအသိပါ။ ဒီကနေရရှိလာတဲ့ အပင်၊ သီးနှံတွေကို မြိန်ရည်၊ ရှက်ရည် စားတဲ့အထဲမှာတော့ ကြောင်သူတော်တွေလဲ အပါအဝင်ပါပဲ။

လူသားတို့ရဲ့ ရောဂါဝေဒနာတွေကို  ကုသဖို့အတွက် ဆေးဝါးတွေထုတ်လုပ်ရာမှာလဲ တိရိစ္ဆာန်တွေနဲ့ ဦးစွာပထမ စမ်းသပ်စစ်ဆေးမူ၊ စတေးမူပြုပြီး ထုတ်လုပ်ရတာတွေရှိပါတယ်။ အဲဒီကနေမှ ရရှိလာတဲ့ ဆေးဝါးတွေကိုလဲ ကြောင်သူတော်တွေ အလွတ်မပေးသုံးစွဲကြပါသေးတယ်။

ပြီးတော့ သတ္တဝါတွေကို ကိုယ့်ရဲ့ လိုအပ်ချက်အတွက် လယ်ထွန်ခိုင်းခြင်း၊ အစီးအနင်းအဖြစ် အသုံးပြုခြင်း စတာတွေမှာလဲ ကြောင်သူတော်တွေ မလွတ်ပါဘူးခင်ဗျ။  သနားတယ်ဆိုရင် ဘာလို့ ခိုင်းပါသလဲခင်ဗျ၊ ဘုရားတောင်မှ  ရထားထိန်းရဲ့ ထိုးဆွပြီး ပေးတဲ့ အမိန့်ကို မနာခံပဲ ကလန်ကဆန်လုပ်တဲ့ မြင်းဟာ မြင်းယုတ် (အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ် ၂- မဟာဝဂ် ၄ ၊ အသ၁ခဠင်္ကသုတ် အမှတ် ၁၄) လို့ဆိုထားသေးတာပဲခင်ဗျ။

ကိုယ့်ရဲ့သားသမီး ရောဂါကူးစက်ခံချင်ခံရပါစေ။ ခြင်မရဲ့ မြောက်များစွာသော ဥလေးတွေအကျိုးရှိဖို့ အဓိကပါပဲဆိုပြီး ဘယ်ကြောင်သူတော်ကမှ ကိုယ့်သားသမီးကို ခြင်တွေဝိုင်းအအုံမခံပါ။ ဒါဆိုရင် ခြင်နိုင်ဆေးခွေထုတ်လုပ်ရောင်းချနေသူတွေကအကုသိုလ်အကြီးစားပြုလုပ်နေကြသူတွေများလား။

သွေးရှိတဲ့ သတ္တဝါကို သတ်တဲ့အခါမှာ သွေးထွက်တာမဆန်းပါဘူးခင်ဗျ။ အစ္စလာမ်ရဲ့ သားကောင် လှီးဖြတ်မူဟာ စားသုံးသူ ရောဂါကင်းစေရန် ရောဂါပိုးများစွာရဲ့ ဌာနေဖြစ်တဲ့ သွေးကို အတတ်နိုင်ဆုံး ကုန်စင်သွားအောင် ထုတ်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဟုတ်ကဲ့၊  အစ္စလာမ်က သူ့ဖာသာ သေဆုံးတဲ့ အသားကို စားခွင့်မပြုပါ။  သူ့ဖာသာ သေဆုံးတယ် ဆိုတာဟာ ရောဂါပိုးတစ်စုံတစ်ရာကြောင့်လဲ ဖြစ်နိုင်ချေရှိပါတယ်။ ကြက်ငှက် တုပ်ကွေးကြောင့် သူ့ဖာသာ သေဆုံးကုန်တဲ့ ကြက်ငှက်တွေဟာ သာဓကတစ်ခုပါ။ ဒါကိုပံ့သကူဆိုပြီး  လူက ကျိတ်လိုက်ရင်တော့ ဟန်ထူးလွင် သီချင်းစာသားတစ်ခုလို “ဒုက္ခရောက်ပြီ” ဖြစ်သွားမှာပါ။ တကယ်တော့ ဘာမှန်းညာမှန်းမသိပဲ ပံ့သကူလို့ ထင်ပြီး သူခိုးတွေသိမ်းထားတဲ့ အမဲသား၊ ဝက်သားတွေကို ယူငင်စားသောက်လိုက်လို့  ရဟန်းတွေခမျာ သူခိုးတွေက ပြန်ပြီး သူခိုးလို့ စွပ်ဆွဲခံရတဲ့ အဆင့်ထိရောက်သွားရှာတာ ပိဋကတ်မှာ အထင်အရှားပါ။ (ဝိနည်း၊ ပါရာဇိကဏ်၊ ဝိနီတ္တဝတ္ထု ဖြတ်ထုံးများ အမှတ် ၁၅၅)

သဘာဝမှာလဲ လင်းတလို ကောင်တွေက လွဲပြီး ရဲစွမ်းသတ္တိရှိတဲ့ သတ္တဝါတိုင်းဟာ သားကောင်အသေကို မစားသုံးပဲ ၊ အရှင်ကိုသာ ဖမ်းယူ သတ်ဖြတ် စားသုံးကြပါတယ်။
ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်မူ ရုန်းကန်မူ ဆိုတာ သဘာဝရဲ့ လိုအပ်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဘယ်သမင်ကမှလဲ ကျားဆီ လာပြီး စားပါ၊ စားပါလို့ မပြောပါ။ အဲဒီလိုသာ ကာကွယ်မူ ရုန်းကန်မူမပြုရင်လဲ မျိုးတုံးကုန်မှာဖြစ်ပါတယ်။ ဘယ်ကျားကမှလဲ လူကို ချမ်းသာမပေးပါ။ တကယ်တော့ အပင်တွေတောင် ကိုယ့်ကိုကိုယ်ကာကွယ်မူတွေ ရှိတာပါပဲ။ 

သက်ရှိတွေအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်မူအလုံးစုံအတွက်  လိုအပ်သော တကယ်အစစ်အမှန် စွမ်းအင်ဟာ နေကနေလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေစွမ်းအင်ကို တိုက်ရိုက်အသုံးပြုလို့မရတဲ့အတွက် အပင်တွေဟာ နေစွမ်းအင်ကို အသုံးပြုပြီး သူတို့အသုံးပြုလို့ရတဲ့ အစာ ဓာတုစွမ်းအင် ဂလူးကို့စ် အဖြစ် ကူးပြောင်းကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လူတွေအပါအဝင် တိရိစ္ဆာန်တွေဟာလဲ ဂလူးကို့စ်လို ကာဘိုဟိုက်ဒရိတ်ကွန်ပေါင်း အစာ ဓာတုစွမ်းအင်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ လူတွေနဲ့ တိရိစ္ဆာန်တွေဟာ အပင်တွေလို နေရောင်ခြည်ကို တိုက်ရိုက်အသုံးပြုပြီး ဂလူးကို့စ်လို ကာဘိုဟိုက်ဒရိတ်ကွန်ပေါင်း အစာစွမ်းအင်ကို မထုတ်လုပ်နိုင်ပါဘူး။

ဒါကြောင့် ဒီအစာစွမ်းအင်ကို ရရှိဖို့ အပင်တွေပေါ် လုံးဝမှီခိုနေရပါတယ်။ အသီးအရွက်စား သတ္တဝါတွေဟာ အပင်ကိုတိုက်ရိုက်စားသုံးပြီး ဒီဂလူးကို့စ်ကိုရယူပါတယ်။ အသားစားသတ္တဝါတွေက ဒီအသီးအရွက်စားသတ္တဝါတွေကို  ပြန် စားသောက်ပြီး ဂလူးကို့စ်ကို တစ်ဆင့်ပြန်ရယူပါတယ်။ တကယ်တော့ အသားစားသတ္တဝါတွေ ရှိနေရခြင်းဟာ သဘာဝကြီးမှာ သက်ရှိသတ္တဝါများ အဆင်ပြေပြေ တည်ရှိနိုင်စေဖို့ဖြစ်ပါတယ်။ တကယ်လို့များ ရှိသမျှသတ္တဝါတိုင်းဟာ အသီးအရွက်သာ တိုက်ရိုက်စားပြီး အစာစွမ်းအင်ကိုယူရမယ်ဆိုရင်  အပင်တွေကုန်ခမ်းသွားပါလိမ့်မယ်။ ဒါဆိုရင် သတ္တဝါတွေရဲ့ ရိက္ခါပြတ်လပ်သွား ပါလိမ့်မယ်။ ဒါ့အပြင် ဖိုတိုစမ်းသစစ်ဟာ လူနဲ့တိရိစ္ဆာန်တွေ လေထုထဲ ရှုထုတ်လွှတ်လိုက်တဲ့ ၊ စက်ရုံ အလုပ်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့  ကာဗွန်ဒိုင်အောက်စိုက် ဓာတ်ငွေ့တွေကို လူနဲ့ တိရိစ္ဆာန်တွေ ရှူသွင်းတဲ့ အောက်စီဂျင်အဖြစ်ကူးပြောင်းပေးနေတဲ့အတွက် ဒီကနေ့အချိန်ထိ အောက်စီဂျင်ရှုသွင်းတဲ့ သတ္တဝါတွေ ရှင်သန်နိုင်တာဖြစ်ပါတယ်။ သတ္တဝါအားလုံးကသာ အပင်တွေကိုသာ စားသုံးမယ်ဆိုရင် အပင်တွေကုန်ခမ်းသွားပြီး   လေထုမှာ အောက်စီဂျင်  ပြတ်လတ်သွား မှာဖြစ်ပါတယ်။ ကမ္ဘာ့လေထုအတွင်းရှိ အောက်စီဂျင် ၃၀ရာခိုင်နှုန်းဟာ ကုန်းနေအပင်တွေက ထုတ်လုပ်ပေးတာဖြစ်ပြီး၊ ကျန်တဲ့ ၇၀ရာခိုင်နှုန်းကို ရေနေပင်တွေ ရေညှိပင်တွေက ထုတ်လုပ်ပေးပါတယ်။

ဟုတ်ပါတယ်၊ သဘာဝမှာ အဆင်ပြေပြေရှိဖို့အတွက် အပင်တွေကော ၊ အသီးအရွက်စားသတ္တဝါတွေကော၊ အသားစားသတ္တဝါတွေကော ၊ သတ္တဝါတွေသေဆုံးတဲ့အခါမှာ မြေဩဇာအဖြစ် ပြန်ချေဖျက်ပေးတဲ့ ဘက်တီးရီးယားတွေ၊ တီကောင်တွေ၊ မှိုတွေလို သက်ရှိတွေကော လိုအပ်လို့ကို တည်ရှိနေတာဖြစ်ပါတယ်။

သတ္တဝါတွေကို အလားကားသပ်သပ် နှိပ်စက်ညှင်းပမ်းခွင့် အစ္စလာမ်က မပြုပါဘူးခင်ဗျ၊ သူတို့အပေါ် လေးစားမူရှိပါတယ် ။ သူတို့မှာ လူထက်သာတဲ့ အရည်အသွေးတွေလဲ ရှိပါတယ်။  နွားရိုင်းသတ်ပွဲတို့၊ သတ္တဝါတိုက်ပွဲတို့လို ဖန်တီးပြီး လူမဆန်တဲ့ နှိပ်စက်ညှင်းပမ်းမူကို ဘယ်မွတ်ဆလင်မှလက်မခံပါဘူးခင်ဗျ ။
တကယ်လို့ သတ်ဖြတ်စားသုံးသူ အသားစား သတ္တဝါများဟာ ကမ္ဘာပေါ်မှာ မရှိသင့်ဘူးလို့ ထင်မိမယ်ဆိုရင်တော့ အဲဒီလူရဲ့ အိုင်ကျူက အခန်းအပူချိန်ထက်တောင် ပိုနိမ့်နေသေးလို့ပါပဲ၊ ဥပမာ အားဖြင့် ငါးမန်းတွေရဲ့ ဂေဟစနစ်အတွင်း အလွန်တရာအရေးပါသော အသုံးတော်ခံမူကို ပညာရှင်တွေရဲ့ ရှုမြင်ချက်နမူနာတစ်ပိုဒ် ဖတ်သင့်ပါကြောင်း။

Search_Enging

Search_Enging =============== အကြောင်းအရာ တခုခုကိုလိုချင်​ ရှာချင်​ရင်​ ဘယ်​ကရှာလဲ? အယောက်​ ၁၀၀ ရဲ့ အဖြေက www.Google.com 👨‍...